နွေမြို့တော်မှ
သူငယ်ချင်းသို့…………..
သူငယ်ချင်း
ပတ်ကြားအက်ရိုးပြတ်တွေမှမဟုတ်ပါဘူး
ဘယ်ကြည့်ကြည့်အပူလှိုင်းတွေထိနေတာ
ဟော့ဒီ့ ရင်ဘက်တွေသာ
နိမ့် ချည် မြင့် ချည်
ဖားဖိုကြီးတစ်ခုလို
မျှော်လင့်တောင့်တ တဆာဆာ
ရှုမျှော်ခင်းတစ်ဆုံး
ဘယ်အချိန်ပြုံးရမယ်
မသိတဲ့ ဇာတ်
ငါတို့ က နေမိတာ
နှစ်တွေအတော်ကြာ
နွေမြို့တော် အပူလို
မင်း
သက်ပြင်းတွေမှုတ်ထုတ်လိုက်တိုင်း
အပူလိုင်းတွေ
ဖြတ်ဖြတ်သွား
စိတ်သက်သာရာ
အတုအယောင်တွေနဲ့
ကိုယ့်ဘ၀ကို
ဖြေဖျော်လို့
ဆုတ်တသက်သက်
ညည်းတွားသံတွေ
ပဲ့တင်ထပ်………။
မိုးသစ်

No comments:
Post a Comment