Powered By Blogger

Wednesday, July 18, 2012

ကဗျာ


 အလွမ်းတွေ ပွင့်တဲ့ရာသီ

မျှော်လင့်ချက် တွေဟာလည်း
အလွမ်းတွေနဲ့ ပဲ ပြည့်နှက်
မနက်ဖြန်ပေါင်းများစွာ
ရင်ခုန်စွာ စောင့်မျှော်နေရင်းနဲ့
ရင်ဘက်ထဲ စို့နင့်ယောင်ကိုင်း
ဘယ်အချိန် ခိုဝင်ရမယ်မသိတဲ့
ရင်ခွင်တစ်ခု ဆီသို…..။

မျက်တောင်တစ်ချက်ခတ်တိုင်း
အလင်းတို့ ရွှန်းလတ်စေခဲ့
စိုစွတ်မှု ဒိုင်ယာရီဟာ
ခပ်ပြုံးပြုံး သံသရာလေးမှာ
ကျပျောက်ခဲ့။

တစ်စက္ကန့်မှ မေ့မရသူရယ်
အလွမ်းနဲ့ ပွင့်တဲ့ ပန်းတွေ
တတောလုံးအပြည့်မှာ
မင်းရနံ့လေးသာ စွတ်ပျံစေခဲ့……။

                                             မိုးသစ်

No comments:

Post a Comment