Powered By Blogger

Tuesday, July 17, 2012

ကဗျာ


အဲ့ဒီ့ခေတ်မှာလူဖြစ်တယ်

တစ်နေ့ထက် တစ်နေ့  ဘ၀ဟာ
အကူးအပြောင်းတွေ မြန်လာတယ်
ဝှက်ဖဲတွေ တစ်ချက်ပြီး တစ်ချက်
ခွက်တွေ တစ်ခွက်ပြီး တခွက်
တရှိုက်မတ်မတ် အာသာငမ်းငမ်း
ပညာတက်တွေ ငွေရှာထွက်တယ်
သားစာမဟုတ် မယားစာမဟုတ်
တကယ့်သရုပ်မှာ ကိုယ်တိုင် ငါးစာ
မလုပ် မရှုတ် မပြုတ် လက်ကိုင်တုတ်တွေ ဝေးရာ
ဘာတက်နိုင်ဦးမှာလည်း
နောက်ဆုံး…………..
ဥသြသံ စာရွတ်ပါးပါးလေးတစ်ရွက် ရေတစ်ဗူးနဲ့
ရူးခဲ့ဖူးတဲ့ အိပ်မက်တွေ လည်းချန်ခဲ့
စိတ်ကူးရဲ့ သန္ဓေသားလည်း ကွယ်ပျက်
နှစ်ပေါင်းများစွာ ဘ၀ပေါင်းများစွာ
အကူးအပြောင်းတွေ
အကူးအပြောင်းတွေနဲ့ပဲ
ကာလယန္တယားကြီးကို ဆွဲဆွဲဆန့်ဖို့
ခေတ် ကခေတ်ကို မေ့နေရဲ့။     ။
                                           မိုးသစ်

No comments:

Post a Comment