မသိခြင်းများ
မသိခြင်းများစွာ နဲ့
ဘ၀ကိုထုဆစ်
လူဖြစ်လာပြီ…..
တပ်မက်
ဆာလောင်
ပူလောင်မှုတွေကို
စားသုံး
သူငယ်ချင်းကပြောတယ်
“ပါမိမှတော့
မထူးပါဘူးကွာတဲ့
မင်းတို့တော်သင့်လေပြီလို့….”
တစ်ကြိမ်တစ်ခါမတွေးမိသူတွေ…
ခုတော့
ခုတော့….
ခုတော့ လူဖြစ်ရှုံးပြီ
ငါမသိဘူး
ငါမသိဘူး
ငါမသိဘူး……..
မသိခြင်းများစွာထဲ……….
မသိပါဘူးကွာ..။
မိုးသစ်

No comments:
Post a Comment