မင်းကိုလွမ်းတဲ့စိတ် နဲ့
ငါရူးနေတယ်
မယူပါရစေနဲ့
သူ့ ဥပေက္ခာတရားနဲ့
အမုန်းတရားတွေ
မယူပါရစေနဲ့
နောက်ကျမှ
ချစ်ခွင့်ရခဲ့ပေမယ့်
အဆုံးစွန်ထိ
ပေးဆပ်ထားပြီးသား
သံသရာဆုံး ထိ ရည်ရွယ်ခဲ့
သက်တမ်းစေ့ချစ်ပါရစေ
သူ့ကြင်နာမှုနွေးနွေး
တခါတလေ လွမ်းတဲ့နေ့တွေ
ပြန်တွေ့ချိန် အပြုံးလေးနဲ့တင်
လုံလောက်
တစ်ဘ၀လုံး မှောက်ခဲ့ပေါ့
အမှောင်ညတွေထဲ
မောဟိုက် ပင်ပန်း
နွမ်းနည်မှုတွေ က
သူ ဖေးကူ
လက်တစ်စုံနဲ့ ယုယ
ကိုယ် သိပ်ပျော်ရွှင်
ခွင့်ရခဲ့တယ်..
ၾကယ္ေရာင္မွိန္ပ် ပ်
ညေတြ
ရွှေလက်တွဲ
ပျော်ပွဲဝင်ခဲ့..
မေ့မရနိုင်ပါဘူး ..
အတူရှိဘူးတဲ့ ညနေခင်း
လေညင်းလေးတွေ သာယာတယ်။
နေ၀င်ချိန် ဆည်းဆာရယ်
တို့နှစ်ယောက်ကို
ကျီစယ်တုန်း
မင်း ဟက်ဟက်ပတ်ပတ် ပြုံး
ဟော့ဒီ့ ငတုံး
ရှုံးပြီးရင်း ရှုံးပေါ့..။
မိုးသစ်

No comments:
Post a Comment