ချစ်တယ်
နံက်ခင်းရဲ့
ဂွတ်ဒ်မောနင်းကို
ချစ်တက်ခဲ့။
ရေစီးသန်တဲ့မြစ်ထဲ
ငါခုန်ဆင်းခဲ့တော့မယ်…
င့ါအဖြစ်တွေ
ဟောဒီ့
မြရာပင်ကြီးသိတယ်
မိုးမခ ပင်တွေသိတယ်
တစ်ခု ပြီး တစ်ခု
လောကကြီးထဲ
ငါတို့ တစ်ဘ၀စာ
မလွဲကြေး နော်။
ထူးဆန်းလိုက်တာ
မင့် မျက်နှာ ဟာ
ငါ့စိတ်ကို ယား
ခပ်ပါးပါးလေး
မွေးချင်လိုက်တာ။
ည ည
အိပ်မရဘူးလား…? တဲ့
အိပ်မရတာမဟုတ်ဘူး
မင့် အကြောင်းတွေးတဲ့
စိတ်ကလေး ပိတ်ပြစ်ရမှာကို
နှမြှောလွန်းလို့.။
ကမ္ဘာကြီးက
ခြောက်သွေ့တယ်
မြစ်တွေက ကောက်ကွေ့တယ်
ငါလေ မင်းကို
……ချစ်တယ်…..
ကဲ ဘယ်လောက်
နားဝင်ပီယံလည်း
ရိုးရိုးလေးပါကွယ်
ရင်ထဲ စွဲစေ မြဲစေကွဲ့။
မင့် မျက် ၀န်းရဲ့
အကြည့်တွေ စိုရွဲ
အဲဒီ့ မြစ်ကျင်းလေးထဲ
ငါ နစ်မွန်းရင်း
ရုန်းထွက်ခက်ခဲ
ကမ္ဘာ ပေါ်မှာ လဲ
အကြိုက်ချင်းမတူ
ယုံကြည်ချက်မတူနဲ့
ချစ်သူတွေ
ချစ်သူတွေ
ချစ်ခြင်းသာ တူပါစေ
သူတို့လက်တွေ မြဲမြံလေပဲ
မင်း နဲ့ ငါလည်း
ဘာတွေ ပဲ ကွဲစေကွယ့်
ဒို့ ချစ်ခြင်းတွေ မြဲစေရဲ့ နော်..
လာကွဲ့
ငါ့လက်ကို မြဲမြဲစွဲ
ဒီတောနက်ထဲ
သားရဲပေါတယ်…
ပြီးတော့
ထပ်ပြောမယ်
ငါ
မင်းကို ချစ်တယ်…။
မိုးသစ်

No comments:
Post a Comment