လွမ်းတက်လာတဲ့ တယ်လီဖုန်းလေး
တယ်လီဖုန်းလေးသည်
ဆွတ်ပျံကြည်နုးဖွယ် ကောင်းလေစွ။
တစ်ခါတစ်ရံတော့လည်း
တယ်လီဖုန်းလေးသည်
တီတီတာတာ စကားသံချိုနွဲ့
သာယာကြည်နှူးဖွယ်ကောင်းလေစွ။
ရက်စက်ခြင်း နေ့ ညတွေနဲ့
အထီးကျန် စုတ်ချက်တို့ ကြမ်းတမ်းလေသည်။
တယ်လီဖုန်းလေးသည်
အထီးကျန်လေစွ။
တယ်လီဖုန်းလေးလဲ
တိုးတိတ်စွာကြေကွဲ
ညနေခင်းရဲ့ လေပြေညှင်းလေးနဲအတူ
လက်ပြ ရထားတစ်စင်းလည်း
ခုမောင်းသွားပေါ့
ရင်ထဲ ဟာသွား
တယ်လီဖုန်းလေးအား ညာသွား
ထားသွား
ဤသို့ဖြင့်
တယ်လီဖုန်းလေးသည်
လွမ်းတက်လာခဲ့ပေသည်။
မိုးသစ်

No comments:
Post a Comment