Powered By Blogger

Wednesday, July 18, 2012

ကဗျာ


နတ်ဆိုးရဲ့ ရင်ခွင်ဦးမှာ မှုံရီဝေမှုးနေတဲ့ ကောင်ကလေး

ဟိုဘက်ကမ်းက မီးမထိန်ဘူး
ဒီဘက်ကမ်းက ငါ့အလွမ်းလေးတော့ (မီးမမှိန်ဘူး)
အငွေ့တလူလူလောင်ကျွမ်းလို့
တကယ်ပါကွယ်
သူ့ ဝေဒနာကိုမှ
ကိုယ့်အပူ တွေဖြစ် တဆစ်ဆစ်ကိုက်ခဲ့
အဲ့ဒီ့ ချာတိတ်လေး
ဦးနှောက်နည်းတယ်….။
သူ့ကို ငေးကြည့်နေရုံနဲ့မျှလည်း
ဘယ်ဘက်ရင် အုံ
နှလုံးခုန်သံက မူမမှန်ချင်ဘူးကွယ်
ရူးရူးမူး မူး တွယ်ရစ်
ချစ်တက် ချင်သေး
အဲဒီ့ ချာတိတ်လေး
အသိဥာဏ် နည်းတယ်…။
သူ့ရူပါရုံလေးကို
ခုံမင်ပုံများ
ဘ၀တစ်ဆင်စာေ၀၀ါး
အမြင်အာရုံတွေမှုံမှိုင်းသွားရဲ့
အဲဒီ့ ချာတိတ်လေးက
မိုက်မဲတယ်…။
ရိုးရိုးလေးပါပဲ
အဲဒီ့ချာတိတ်လေး
သူမ ကိုချစ်တယ်
(အသေအချာပေါ့)
သူမက အဲဒီ့ ချာတိတ်လေးကို
“ချစ်တယ် “
(သူ့အထင်)
သူမ ကမ်းလင့်သောလက်
ဖြူစင်မွှေးမြ  ကြည်လင်လှပလျှက်
သူကတော့ ညစ်ပေဆိုးညစ်
အမဲစက်တွေ အထပ်ထပ် ဖြစ်လို့
သံသာလေ  ကမ်း မတိုင်ရက်ဘူး..။
ပြီးတော့ ချာတိတ်လေးက
သူမကိုမြတ်နိုးလိုက်ပုံများ
သူ့မ ချွေးစက်တို့ စီးဆင်းရာ
သူ့ ဘ၀သာ ဖြစ်ချင်ရဲ့
အဲဒီလိုအဖြစ်သည်း
ဧ၀ ရဲ့ အာဒမ်လည်း
ဖြစ်ချင်ရဲ့…။
တိတ်ဆိတ်တဲ့ လမ်းမှာ
နှစ်ယောက်အတူလျှောက်တော့
ညဉ့် ဦး ကြယ်လေး လင်းလက်
သူမ ရှက်နေတယ်…ရှက်နေတယ်…။
ကဲ အချိန်တန်ပြီ
အိမ်ပြန်ရန် နှုတ်ဆက်
သူ့အတွက်
အိမ်မက်မှာတောင်
လှိုင်းလေထန်ခဲ့။
                              
                       မိုးသစ်  (2:48pm)
 ဟိုးအရင် တုန်းက ကဗျာလေးပါ        အရမ်းအားကျမိတဲ့ ကဗျာဆရာတစ်ယောက် ရဲ့ ကဗျာတွေ ဖတ်ပြီး လိုက်ရေးထားတဲ့ကဗျာ
ပါ.......

No comments:

Post a Comment