Powered By Blogger

Wednesday, July 18, 2012

ကဗျာ


ငါ့အချစ်တွေဖျားနေတယ်

ချစ်သူရဲ့ ဆံနွယ်လေး
အသာအယာသပ်
ပခုံးထက် မှီတွယ်
အိပ်မက်ဟာ ကျယ်တယ်……….
ကြယ်တွေစုံတဲ့ညက
လမသာ လည်း
တို့နှစ်ယောက်ထဲ
အထီးကျန်မဆန်ပါ ဘူးကွယ်…
နှာသီးဖျားလေးက
ထွက်သက် ၀င်သက်လေးရဲ့
ရင်ခုန်သံအတိမ်အနက်မှာ
ဟောဒီ့ ဘယ်ဘက်ရင်အုံ
တဆက်ဆက်တုန်နေတယ်
ချစ်သူရယ်
ခပ်ပါးပါးလေးဖတ်ထားပေးပါကွယ်
ငါ့ အချစ်တွေဖျားနေတယ်…။
                                 မိုးသစ်

No comments:

Post a Comment