Powered By Blogger

Wednesday, July 18, 2012

ကဗျာ


 သူမမသိသော နိယာမများ

လေလှိုင်းကြားက ဖြတ်သန်းလာသောအသံထု သည် ရင်တစ်ခုကိုလှုပ်ခါစေ၏။
ကျွန်တော်ဟာ ရိုးရိုးသားသား နားလည်ခဲ့ပါပြီ။
မအောင်မြင်သော  ကြိုးစားမှုအတွက် နှစ်သိမ့်ဆုသည် ရှိနိုင်မည်မထင်ပါ။
လောက၌   လူတို့သည် အောင်မြင်မှုကို ချီးမြှင့်မြှောက်စား၍   
ရှုံးနှိမ့်သူ  တို့ရဲ့ ဝေဒနာကို မျက်ကွယ်ပြုတက်ကြကုန်၏။
ဤကမ္ဘာ၌ မုသားမပါ သူတို့ ၏ အလင်္ကာသည် မချောမွေ့တက်ကြကုန်။
တကယ်တမ်းတော့  နှစ်လိုဖွယ်အပြုံးတစ်ခု ဟာ  ရင်တစ်ခုလုံးကို နုံးချိသွားစေတက်သည်။
ဤလောက ကြီး သိမှ သိပါလေစ။
အမှန်တရားသည် နည်းနည်းခါးသက်သက်နိုင်၏။
သူမ မရှိတဲကအခါ ပူလောင်မှုသည် ရေမရှိသည်ကြာလို စိတ်သည်လည်း ညှိုးနွမ်း လျှက်ရှိ၏။
ထိုအရာ ကိုသူမသည် မသိပေလော့။
အလွမ်းသည် ဟန်ဆောင် မကောင်းခဲ့။
တန်ဖိုးသည် လည်း မရှိခြင်း ၏ နောက်ကွယ် ၌ တည်မှီလို့နေလေပြီ။
လေညှင်း သည် ပင် ညနေခင်းလေး နှင့်အတူ  စိုးထိတ် တိုးတိတ်စွာ
ဖြတ်သန်းရင်း …လမ်းမများနဲ့ ဓာတ်မီးတိုင်များကို ကျောခိုင်း၍
ငြိမ်သက်စွာ တည်ရှိနေကြကုန်လေသည်။
                                                   မိုးသစ်

No comments:

Post a Comment