Powered By Blogger

Wednesday, July 18, 2012

ကဗျာ


ငါဟာ ငါနဲ့ရန်ဖြစ်နေရ

မစဉ်းစားတော့ပါဘူး ဆိုမှ
အခါ ခါ ဖြတ်ကျော်နေရ
အရာအားလုံးကို မစွမ်းဆောင်နိုင်ခဲ့သလို
ဒီတစ်ခါလည်း အရှုံးပေးခဲ့ရပြန်ပြီ ။

ကံစီမံရာ ဘ၀တွေရဲ့
သံသရာမှာ
ဟောဒီကောင်ဟာလေ
အဖန်တရာ ဆက်မိုက်နေရ
မေတ္တာတရားသာ ဓားတစ်လက်ဆိုရင်လေ
ဟော့ဒီ့ ရင်ဘက်ကို အသေထိုးသတ်
ရက်ရက်စက်စက် သဂြိုင်္လပြစ်လိုက်ချင်ရဲ.။

မစဉ်းစားချင်တော့ပါဘူး
ဖြစ်နိုင်ရင်မယ် ဆိုရင်ပေါ့..
ခုတော့
သတိရခြင်းတစ်ဝက် အောက်မေ့ခြင်းတစ်ဝက်
အဲဒီ့စိတ်ကို ပဲသတ်ပြစ်လိုက်ချင်ရဲ့။

မစဉ်းစားတော့ပါဘူး
……………..
မစဉ်းစားတော့ပါဘူး။
………………
 ဒီလိုနဲ့ လက်ပြ
နှုတ်ဆက်ရတော့မှာလား…။
ဟင်အင်း….
ဟင့်အင်း……………..
သံသရာ  ဘယ်လောက်ကြာကြာ
သူမ ဖယ်ခွာမှာကိုပဲ စိုးကြောက်နေမိရဲ့…။
                                                  မိုးသစ်

No comments:

Post a Comment