နေ၀င်ချိန်တွေ စောတယ်
ခွေးအူသံခပ်အက်အက်ညတွေကိုဖြတ်
မဖြစ်နိုင်မှန်းသိရက်နဲ လက်ချိုးရေတွက်နေရတဲ့ရက်
အိပ်မက်တွေကို ကိုင်းကူးဖြတ်သန်းရင်း
ကိုယ့်ဘ၀ကမလှပဘူးကွယ်……
ဆောင်းခိုငှက်တွေရဲ့ တောင်ပံခတ်သံတွေဟာ
ငါ့အတွေးစတွေလွှင့်မျှောသွားစေခဲ့ …….
ဟော့ဒီရက်တွေဟာ နေ၀င်ချိန်စောတယ်
အိမ်ပြန်ချိန်လမ်းအခွဲမှာ တစ်ယောက်မျက်ဝန်းကို
တစ်ယောက် ညှို့လို့
ငါတို့တွေ့ဆုံချိန်တွေ စောလွန်းတယ် (နောက်ဘ၀အတွက်)
ဒီဘ၀အတွေက်တော့ နောက်ကျတယ်…………..
နှင်းပန်းတွေဝေတဲ့လမ်းမှာ ချစ်သူလက်ကိုမြဲ မြဲမြံမြံတွဲ
အဲဒီလိုစိတ်ကူး အိပ်မက်တွေနဲ့ရူးလို့….
အဖျားရှူးခဲ့တဲ့နေတွလဲ မနဲခဲ့ပေါ့..။

No comments:
Post a Comment