Powered By Blogger

Wednesday, July 18, 2012

ကဗျာ






ညီအစ်ကိုမောင်နှမများ 


ဂျပန် မှာ ပန်းကန်ဆေးဆေး
မလေးရှားမှာ ကားရေဆေးဆေး
မန္တလေးမှာ ကဗျာပဲရေးရေး
စင်ကာပူမှာ ကျောင်းပဲတက်တက်
ကိုယ့်သွေး အမျိုးအစား ကိုယ်သိတတ်ရမယ်။
လက်ဖက်ရည်ပဲရောင်းရောင်း
ကွမ်းယာပဲရောင်းရောင်း
ဘီယာပဲရောင်းရောင်း
အင်တာနက်ထဲမှာပဲ Chatting တက်တက်
ငါတို့ ဦးခေါင်းကို ထောင်မတ်ပေးတဲ့
ကျောရိုးကို ကျေးဇူးတင်တတ်ရမယ်။
လူတွေက
စစ်ပွဲတွေ အကြောင်းပြောကြ။
(ကိုယ့်စိတ်ထဲမှာ စစ်ဖြစ်နေတာကို မသိကြဘူး။)
လူတွေက
ဖုန်းတွေ အကြောင်းပြောကြ။
(ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်သွယ်လို့မရတာကို မသိကြဘူး။)
လူတွေက
ကားတွေအကြောင်းပြောကြ။
(ကိုယ့်ဘဝ က ဘယ်လမ်းက သွားနေမှန်းမသိကြဘူး။)
လူတွေက
အချစ်အကြောင်းပြောကြ။
(ကိုယ့်အိမ်မှာ ဆန်မရှိတာ မသိကြဘူး။)
လူတွေက
ဟိုအကြောင်း ဒီအကြောင်းပြောကြ။
(ကိုယ့်အကြောင်း ကိုယ်ကျ မသိကြဘူး။)
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့ လည်း မဖြေနိုင်
အမှားနဲ့ လည်း မသေနိုင်ဘူး။
ငါတို့ မင်းတို့က
ငှက်တော့ ငှက်ပဲ
ဒါပေမယ့်…
ပင်ဂွင်းငှက်
လေမှာ မပျံတတ်ပေမယ့်
ရေဆန်မှာတော့ ကူးခတ်တတ်ရမယ်။
ကြည်မောင်သန်း



ကိုလှသန်းရဲ့ ကဗျာလေးတစ်ပုဒ် ပါ သိပ်ကြိုက်လို့ ...

No comments:

Post a Comment