အဲ့ဒီ့နေ့ပေါ့
တညနေလုံး
အလွမ်းတွေ ကားတွေနဲ့ လမ်းတွေလျှောက်ရတာ အဆင်မပြေဘူး..
အပေါင်းအသင်း ၃ ၄ ယောက်နဲ့ ဖန်ခွက်တွေ မှောက်ခဲ့ကြ..
အဲဒီနေ့ပေါ့
တစ်ညလုံး ဖုန်းသံတွေ တတီင်္တီ
နားထဲမှာ ၀ီခေါ်....
အလွမ်းတွေဖရိုဖရဲနဲ့ တညလုံးကိုက်ခဲလို့....
တညလုံး ..
တညလုံး................ပေါ့။
အိပ်မက်က နိုးတဲ့အခါ မင်းကရှိမနေဘူး။
ဟန်ဆောင်ပြုံးရတာ ပါးညောင်းလှပါတယ် ချစ်သူရယ်...။
ချစ်သူတစ်ယောက်ကို ချစ်ဖို့ နာမည်ကောင်းလတ်မှတ် မလိုပါဘူး ..
ချုစ်တက်တဲ့ နှလုံးသားနဲ့ မလုံလောက်ရင်
ငါ့ ကိုမေ့ထားခဲ့.....
မေ့ထားခဲ့..
ငါ ရိုးရိုးသားသားနဲ့ နင့်အပေါ် ဖောက်ပြန်မိတဲ့ အချစ် .....
ရာဇ၀တ်သင့်ချင်ရင် သင့်ပေါ့
ခုတော့..........
ငါ့ကို ဖြတ်တိုက်သွားတဲ့ လေတောင်
မကြင်နာချင်တော့တဲ့ အကြည့်မျိုး...။
နိုဝင်ဘာရဲ့  ကျိန်စာရယ်........,.........,.
ဒဏ်ရာက ဒဏ်ဖြစ်စေပေမယ့်
ဒဏ်က အချစ်ကို အလွမ်းမိစေတယ်ကွဲ့။
အချစ်နဲ့ ပတ်သတ်ရင် ဘယ်တော့မှ အမှတ် ၄၀ မပြည့်တဲ့ ကောင် ။
နေခဲ့..
အဲဒီညမှာပဲ နေခဲ့..။
မိုးသစ်

No comments:
Post a Comment