Powered By Blogger

Wednesday, July 18, 2012

ကဗျာ


အနေအထိုင်မတက်ခဲ့တနင်္ဂနွေ

ဘုရားသခင်သည် ရက်စက်သော တနင်္ဂနွေနှင့်အတူ ရှိမနေပါ။
ရိုးသားသော လွဲမှားမူအတွက် ပေးဆပ်မှုသည် ကြီးမားခဲ့၏။
ခရစ်စမတ်တွင်ပေး သော ဘုရားသခင်လက်ဆောင်ဟုဆိုလျှင် ကျွန်ုပ်လက်မခံလိုပေ။
ယုံကြည်သက်ဝင်ထားသော ချစ်သူစကားအတွက်
                             နှလုံးသားမှ ယုံကြည်ရန် လက်မခံခဲ့ချေ။
 (သူမသည် ထိုသိုပြုမှုလိမ့်မည်မဟုတ်)
လောကကြီးသည် ယုံကြည်ရန် ခဲယဉ်းစွာ ဆန်းပြားခဲ့ပေသည်။
ကျွန်ုပ်ဘက်တွင် တကြိမ်တခါ မျှရှိမနေဖူးသောကံကြမ္မာသည်
ကျွန်ုပ်ဘက်တွင်ရှိသော (ရှားရှားပါးပါးချစ်သူတစ်ဦး)သူမအားဖျားယောင်းခေါ်ငင်သွားပေသည်။
လွဲမှားမူတွေကိုမှ အသားကျ သေချာကျနစွာ စနစ်တကျပြင်ဆင်ထားသလို
တကြိမ်တခါရောက် ခဲ့ခြင်းမရှိသော နေရာတွင် မိမိကိုယ်တိုင် မသိရှိခဲ့သော အရာများ
     အတွက် ကြိုးမိန့်ချခံရသလို အယူခံဝင်ရန် မတက်နိုင်ခဲ့….။
တိကျသော မျက်မြင်ထွက်ဆိုချက် တွင် ကျွန်ုပ်ပါဝင် ပါတ်သက်မှုမရှိသည့်တိုင်
                             သူမအတွက် ယုံကြည်ရန် ခဲယဉ်းလှပေသည်။
ခိုင်လှုံသော သက်သေများသည် ပင် လွဲမှားသော တိုက်ဆိုင်မှုတွင် ပျက်ပြယ်ခဲ့ရပေ၏။
သူများအား သတိတရခေါ်ဆိုမိသော ဖုန်းသည်ပင် တကြိမ်တခါ အပြုအမှုမျိုးမဟုတ်ဟု
သံသယ ၏ နောက်ဆက်တွဲ အကျိုးဆက်အား ရရှိခဲ့ပေသည်။၏
                                     မိုးသစ်

No comments:

Post a Comment