ဟာသလေးပါ
(ဟိုး ရှေး ရှေး တုန်းက...) တိုင်းပြည်တစ်ပြည် မှာ အမျိုးသမီးများ က အိမ်မှုကိစ်စတွေလဲသူတို့ဘဲလုပ်ေ
ပးရတယ် ကိုယ်ဝန်လဲဆောင်ပေးရတယ်.... ကလေးတွေ ရဲ့ အမှုကိစ်စလဲ သူတို့ဘဲ လုပ်ရတယ် ..... အမျိုးသားတွေကတော့ အပြင်ထွက် ငွေရှရတဲ့ အလုပ်လုပ်ရတာဘဲရှိ ပါတယ် ... မတရားပါဘူး ဆိုပြီး ... ဘုရင်ကြီးကို ကွန်ပလိန်း လုပ်ကြပါလေရော.... အဲဒီတော့ ဘုရင်ကြီးက "အိန်း ... ဒါတော့လဲ ဟုတ်ပေသားပဲ" ဆိုပြီး ညီလာခံခေါ် အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး ... အဖြေရှာကြတယ်.... အဲဒီမှာ .... အမျိုးသမီးတွေရဲ့ အပင်ပန်းဆုံး တာဝန် တစ်ခုကို အမျိုးသားများ မျှ ပြီး တာဝန်ယူဖို့အတွက် ဆုံးဖြတ်ချက်ချလိုက် ကြတယ်......အဲဒီတော့ အမျိုးသမီး တွေကလဲ သူတို့ရဲ့ အပင်ပန်းဆုံးအလုပ်က...ကလေးမွေး
ခါနီး ဗိုက်နာတဲ့ အချိန် လို့ဆုံးဖြတ်ပြီး..... အမျိုးသားများ ဟာ သူတို့ရဲ့ရင်သွေး တွေမွေးခါနီးမှာ အမျိုးသမီးတွေအတွက် ဗိုက်နာပေးရမယ် လို့ နောက်ဆုံး ဖိုင်နယ် သဘောတူ လိုက်ကြသတဲ့...
အဲဒီအချိန်ကစ ပြီး တော့ အဲဒီတိုင်းပြည်မှာ...အမျိုးသား
များဟာ သူတို့ မိန်းမတွေ ကလေးမွေးခါနီးတိုင်း ဗိုက်နာလိုက်ကြတာ အလုပ်တွေဖြစ်နေကြတာပေါ့.....
ဒါနဲ့ တနေ့မှာ မိဘုရားခေါင်ကြီး ကိုယ်ဝန်ရှိလာပါလေရော..... ဒီတစ်ခေါက်တော့ ဘုရင်ကြီးအလှည့်ပေါ့.....
မိဘုရားကြီးနေ့စေ့ လစေ့ ရောက်တဲ့အချိန်မှာ ဘုရင်ကြီးဟာလဲ.. တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပေါ့လေ..."ကဲ...ကဲ... ငါကိုယ်တော်မြတ် ဗိုက်နာရအောင်လို့.....သလွန်ြ
ပင်စေ ..ဘာစေ..." ပေါ့....
အဲဒါနဲ့ဘဲ...တစ်ရက်နေတော့လဲ ဗိုက်မနာ.... နှစ်ရက်နေတော့လဲ ဗိုက်မနာ..... သုံးလေးရက်လောက်လဲ ကြာလာရော..... မီးနေဆောင် က...သားတော်လေးကို အောင်မြင်စွာ မွေးရှုးသန့်စင်ပြီး ဖြစ်ကြောင်း မင်္ဂလာသီတင်း ကိုသံတော်ဦးတင်ကြတယ်....အဲဒါနဲ
့ ဘုရင်ကြီးလဲ.... ဟမ်....ငါဗိုက်လည်းမနာလိုက်ပါလာ
း ဘယ်လိုဖြစ်တာပါလဲ.... ဆိုပြီးအမတ်တွေကို မေးတော့... အမတ်တွေက "မှန်လှပါ ... အရှင်မင်းကြီးရဲ့ ဘုန်းတန်းခိုးတော်ကြီးမြတ်မှြုေ
ကာင့်... ဗိုက်မနာခြင်းဖြစ်ကြောင်းပါ.... လို့ လျှောက်တင်လိုက်တော့... အလွန်ကျေနပ် နှစ်ချိုက်တော်မူသွားပြီး ပြုံးပြုံးကြီးစံနေတော်မူသတဲ့..
.....
ဒါပေမယ့်...အဲဒီမိဘုရားကြီး မီးဖွားနေတဲ့ ... တစ်ချိန်တည်းမှာဘဲ...အမတ်ကြီး
တပါးဟာ..သူ့ရဲ့အိမ်တော်က အိပ်ယာထက်မှာ လူးလိမ့်ပြီး ဗိုက်နာနေတာ.....ချွေးသီးချွေးေ
ပါက်များတောင် ကျလို့................
(မည်သည့် ရည်ရွယ်ချက်မျှမရှိပါ.... နည်းနည်းပြုံးရင်ကျေနပ်ပါတယ်...
. :P)
မေးလ်ထဲက ဟာသလေးပါ..
No comments:
Post a Comment