ကောင်မလေး
ကောင်မလေးရေ မင့်ပါးပြင်နုဖွေးဖွေး
လေနုအေးလေးတိုက်ခတ်
လက်ဆက်တဲ့ ဆံနွယ်လေးကြား….
မင်းအလှတရားမှာ ယစ်မှူး
ငါဟာ ရူးတော့မယ်…။
တိတ်ဆိတ်တဲ့ည
ဟိုးအဝေးက
ရွှေရောင်တ၀င်းဝင်း
မာကျူရီမီးရောင်ပြိုးပြတ်ပြတ်
ငါတို့
အိပ်မက်ကလေးတွေလှတယ် ..။
ပြီးတော့
တစ်ယောက်သောသူ အနမ်း မှာ
နှလုံးသားဟာ ပြာနှမ်း
အဆိပ်တက်
အိပ်မက် မှာတောင် လွမ်း
မင်းရက်စက်တယ်…..
ဘယ်လိုများ ဒဏ်ခတ်
ဟော့ဒီ ရင်ဘက်ဟာလေ
သတိရ စိတ်နဲ့
ဖြေသိမ့်ခက်နေတယ်..။
ကောင်မလေးရေ
နင်ငါ့ကိုချစ်တဲ့ညက
ငါ့ ကောင်းကင်မှာ ကြယ်တွေစုံ
ငါရင် ဟာ တုန်ခါလို့
ပန်းပေါင်းစုံ ရှုခင်းထဲ
လမင်းကြီးသာနေဆဲပေါ့….
အရှင်လတ်လတ် ခံရခတ်တဲ့
ဝေဒနာတွေထဲမှာ
နင့်ကို သတိရနေတာ
ဆိုးတယ်…။
တစ်ခါ တစ်လေ
ကိုယ်လိုရာအတွေးနဲ့
ပျော်
အတ္တတွေလဲ
ချော်ခဲ့ဖူးပါတယ်…
သေချာတယ်ကွယ်
တကယ်ချစ်မိပြီဆိုမှ
တဆစ်ဆစ်နဲ့နာ
ဟောဒီ့ရင်ဘက်မှာ
သ၀န်တိုတာတွေလည်း ပါနေရဲ့…။
မိုးသစ်

No comments:
Post a Comment