ရယ်စရာကောင်းတဲ့ မြို့
အမှန်တရားကနဲနဲခါးသီးတယ်
ဘ၀တစ်ခုအတွက်
ချစ်ခြင်းမေတ္တာတွေလိုအပ်တယ်
ရင်ခုန်မှုတိုင်းမှာလည်း
အလွမ်းက နေရာယူနေလေရဲ့
သည်းသည်းလှုပ်ချစ်ပြတက်တဲ့
မိန်းမလှလေးရဲ့အမုန်းမှာ
သိပ်လေးနက်တဲ့ ၀ါကျ အပို်င်းအစလေးမပါလေတော
ဒီခရီးဝေးလွန်းတယ်
နှင်းတွေသိပ်ထူထပ်တဲ့
ညက
သူမကိုယ့်ငွေ့နွေးနွေးကို
တောင့်တခဲ့ ဖူးရဲ့
လှမ်းမျှော်ကြည့်လိုက်လေ
အိပ်မက်ရဲ့ အကိုင်းအခတ်လေးဟာစိမ်းလို့ စိုလို့
ရွှေအိုရောင်တေးလေးတွေ
ဆိုလို…………..
သိပ်သေချာတာပေါ့
အိပ်မက်
ဟာ အိပ်မက်ပဲလေ..
ဘယ်တော့မှ
မရနိုင်ဘူး။
ချဉ်
ချဉ်တူး တူး မူးပြီးရောဆိုရင်တော့
နေခဲ့ပေါ့ ……………။
ကဲ ကဲ
လူခြေတိတ်ချိန်မှ
အိပ်တော့ကွယ်
ငါတို့တွေ
အလည်လာတဲ့မြို့
အဲဒီ့မြို့
ကလူတွေကရယ်ဖို့ကောင်းတယ်
ပြီးတော့
အဲဒီ့မြို့က
သတင်းတွေကလည်း
ရယ်စရာကောင်းတယ်
ငါချစ်တဲ့သူလေးနေတဲ့မြို့
ငါကလည်းအဲဒီ့မြို့ကိုပဲ
သိပ်ချစ်နေမိတော့
တစ်ခါ
တစ်ခါ သိတာကိုမသိသလိုလုပ်နေရတာ
သိပ်ပင်ပန်းလို့
မသိတာကိုလည်း
သိသလိုလုပ်ရတာ သိပ်ပင်ပန်းတယ်ဗျာ..။
မိုးသစ် 
No comments:
Post a Comment