Facebook ၏ အလှပဂေးများကို လိုက်လံငမ်းမောကြည့်ရှု ရာမှရလာသော ဓါတ်ပုံပညာရပ်ဆိုင်ရာဗဟုသုတများကို နောင် လာနောက်သား များ အတုယူနိုင်ရန် ဖော်ပြအပ်ပါသည်။
- အသုံး အများဆုံးနည်းလေးကတော့ နှုတ်ခမ်းလေးကိုစူရင်စူ၊
ပါးလေးကိုဖောင်းရင်ဖောင်း၊ ဒါမှမဟုတ်ရင် လျှာကလေးကို တစ်လစ်တစ်လစ်
လုပ်လိုက်ပါ။ ဒါမှမဟုတ်လည်း ၃ ခုလုံး ပြိုင်လုပ်ချင်လဲရပါတယ်။
ပိုလှချင်သေးတယ်ဆိုရင်တော့ လက်ညှိုးနဲ့ ပါး ဒါမှမဟုတ် နှုတ်ခမ်းလေးကို
ထောက်လိုက်ပါ။ ပြီးတော့ ရိုးသားသယောင်ယောင် (သို့) အံသြသယောင်ယောင် (သို့)
Feel တက်နေသယောင်ယောင် မျက်နှာပေးလုပ်ချင်လဲ ရပါတယ်။ စိတ်ကျေနပ်ပြီဆိုရင်တော့
Camera မီးကျွမ်းအောင် ရိုက်လို့ရပါပြီ။ ဒီရုပ်ဒီရည်နဲ့ ပုံ ၁၀၀ ရိုက်ရင် ၁
ပုံတော့လှမှာပဲ။ အင်း၊ ကြိုက်တဲ့ ပုံရပြီဆိုရင်တော့ မြန်မြန်သာ Upload
လုပ်ပေတော့။ အစ်ကိုကာလသားတွေ မြန်မြန်ငမ်းလို့ရအောင်။
- နောက်တစ်နည်းကတော့
ကိုင်းထူထူနဲ့မျက်မှန်၊ ဒါမှမဟုတ် မှန်မပါတဲ့မျက်မှန်တပ်ပြီး ရိုက်နည်းပါပဲ။
ကိုင်းကအရောင်စုံဆိုရင် ပိုတောင် ကောင်းသေး။ ဘာကြောင့်ဒီနည်းကိုသုံးသင့်လဲဆိုရင်
မျက်မှန်ကိုင်းကထူတော့ မျက်နှာပေါ်က တင်းတိပ်၊ ဝက်ခြံ၊ ကြက်ခြံတွေကို ဖုံးပြီးသား
ဖြစ်သွားတာပေါ့ကွယ်။ ပြီးတော့ မျက်မှန်ကိုပဲ အာရုံရောက်နေကြတော့
ကိုယ်မလှတာလူသတိမထားမိဘူးပေါ့။ ဒါတောင်အဆင်မပြေသေးဘူး ဆိုရင်တော့
မျက်နှာတစ်ဝက်လောက်ဖုံးတဲ့ နေကာမျက်မှန်ကြီးတွေတပ်ပြီး ရိုက်လို့ရပါသေးတယ်။
အခြောက်ကြီးဆိုရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ပြီးတော့ ပျားလိုလို၊
ယင်ကောင်လိုလို၊ ပုတုန်းလိုလိုနဲ့ လူတောင်ရှိန်သေး။
ပိုလှချင်ပါသေးတယ်ဆိုရင်တော့
ဟိုဂျပန်ကာတွန်းကားတွေထဲကလို မျက်ဆံကြီးကြီး အရောင်တောက်တောက်တွေနဲ့
မျက်ကပ်မှန်တွေတပ် ပြီး ရိုက်လို့ရပါသေးတယ်။ လန်းလွန်းလို့ ကိုယ့်ရုပ်ကိုယ်တောင်
မှတ်မိမှာမဟုတ်ဘူး။ အဲဒီမျက်လုံးတွေကိုမှကြိုက်တဲ့ကောင်လေးနဲ့တွေ့လို့ ရည်းစားရရင်တော့မပူပါနဲ့။
မျက်ကပ်မှန်ကို အိပ်တဲ့အချိန်ကျမှချွတ်ပေါ့။ အိပ်တဲ့အချိန်ဆိုတော့သူလည်း
မျက်လုံးကိုစိတ်ဝင်စားနိုင်တော့မှာ မဟုတ်ပါဘူး၊
(တစ်ခြားစိတ်ဝင်စားစရာတွေရှိတာကိုး)။ အော်၊ ပြီးတော့
မျက်လုံးကြီးကြီးနဲ့တော့လှချင်တယ်၊ ဒါပေမယ့် မျက်ကပ်မှန်မတပ် ချင်ဖူးဆိုလဲ
နောက်တစ်နည်းရှိသေးတယ်။ အိမ်မှာသကြားရှိတယ်ဟုတ်? အင်း၊ အဲဒီသကြားကို
လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ခပ်ပြီး စားပွဲပေါ်မှာတင်၊ ပြီးရင် ဘူးအလွတ်တစ်လုံးနဲ့
စောင့်နေ။ ခဏနေ ပုရွက်ဆိတ်တွေလာလိမ့်မယ်။ သူတို့ကိုဘူးနဲ့ဖမ်းပြီး
တစ်နေ့တစ်ဘူးမှီဝဲဗျ။ ဘာကောင်းလဲဆိုတော့ မသိဘူးလေ၊ လူကြီးတွေပြောတာက
ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆို။
နောက်ထပ်တစ်နည်းကတော့ အိမ်မှာ
မွှေးပွရုပ်တွေရှိရုံနဲ့တင် အလုပ်ဖြစ်ပါတယ်။ လုပ်ရမှာကတော့ ညဝတ်အင်္ကျီကိုဝတ်၊
ပြီးတော့ဆိုဖာ၊ ဒါမှမဟုတ်လည်း ကုတင်ပေါ်မှာထိုင်၊ အရုပ်ကလေးကို ချစ်စဖွယ်ပိုက်ပြီး
အိမ်ကလူတစ်ယောက်ယောက်ကို Camera သာပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ
တကယ့်ချစ်စရာ့အရွယ် နို့နံ့တောင်မစင်သေးတဲ့ကလေးမငယ်စတိုင် ဓါတ်ပုံတစ်ပုံရဲ့
ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သွားပါပြီ။ သူများတွေလည်း ဂုဏ်ယူလို့ရအောင် Facebook မှာ
တင်ဖို့မမေ့နဲ့အုံးနော်။
- တကယ်လို့ Cute ဖြစ်တာမကြိုက်ပဲ
ပူစပ်ပူလောင် Hot & Sexy ကို ကြိုက်တယ်ဆိုရင် ပထမဆုံး Stocking တစ်ထည်ရှာပါ၊
အပေါက်တွေ ပါရင်တော့ ပိုကောင်းတာပေါ့။ ပြီးတော့အခုဝတ်နေတဲ့အင်္ကျီထက် ၎
ဆိုဒ်လောက်သေးတဲ့အင်္ကျီကိုရှာပါ။ အဲဒါတွေဝတ်ဆင်လိုက်ရင်တော့
မယ်စကြာဝဠာရှူံးလောက်တဲ့၊ ကိုယ့်မှာရှိနေမှန်းတောင်မသိပဲနဲ့ ငုပ်လျှိုးနေခဲ့တဲ့
ကျပ်ထုပ်တင်းရင်းနေတဲ့အလှတွေ ပေါ်ထွက်လာပါလိမ့်မယ်။ ဓါတ်ပုံရိုက်ရင်လည်း
ဒီအလှတွေပေါ်အောင်လို့ Camera ကို အပေါ်ကနေချိန်ပြီးရိုက်ပါ။ ရှုခင်းကောင်းတာပေါ့။
ဒါမှမဟုတ်ရင်လည်း မှန်ထဲ ကနေတစ်ဆင့် Angle ပေါင်းစုံကနေစမ်းပြီးရိုက်ကြည့်လိုက်ပါ။
ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး ကိုယ်ကိုတိုင်တောင် မရိုးမရွဖြစ်လာပြီဆိုရင်တော့
သင်ဟာနောက်ထပ်ဂုဏ်ယူဖွယ်ရာ ကောက်ညှင်းထုပ်ဓါတ်ပုံ၏ ပိုင်ရှင်ဖြစ်သွားပြီဆိုတာ
သိရှိလိုက်ပါတော့။ ပြီးတော့ဒီနေရာမှာ ယူတတ်ရင် ရမယ့်
အခွင့်အရေးလေးတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Camera အစား Phone နဲ့ဓါတ်ပုံရိုက်တာပါပဲ။
မှန်ထဲမှာရိုက်တာဆိုတော့ ဓါတ်ပုံထဲမှာ သင့် Phone လဲပါလာမယ်လေ။ သင့်၏
တန်ဖိုးကြီးပြီး ဖန်ရှင်စုံပေသော iPhone 10Gs (သို့) HTC Superhero OMFG! (သို့)
Sony Ericsson Zeperia Z20 (သို့) Nokia N-Gazillion အစရှိသော
အမျိုးကောင်းသား/သမီး Handset တို့ကို အသင်၏ခန္ဓာကိုယ်အလှ နောက်ခံထားကာ
တစ်ကမ္ဘာလုံးက မနာလိုအားကျကြောင်းငှာ ကြွားဝါပြသခွင့်ရမည့်အရေး ဤနှယ်ကောင်းမွန်သော
အခွင့်အရေးထူးကြီးအား အဘယ်မှာတွေ့ရပါညားအံ့။ ထို့ကြောင့်ဤအခွင့်အရေးထူးကြီးအား
လက်မလွတ်ရလေအောင် အမိအရယူပါလေ
ဒီလိုအံ့မခန်းဓါတ်ပုံတွေရိုက်မယ်ဆိုရင်
Setting ကောင်းကောင်းလိုပါတယ်။ Facebook မှာ popular ဖြစ်နေတဲ့နေရာတွေကတော့ Photo
studio၊ ပန်းခြံပေါင်းစုံ၊ အဆောက်အဦးများ၏ အပေါ်ဆုံးထပ်၊ အင်တာနက်ဆိုင်၊ hotel
& restaurants တွေမှာရှိတဲ့ ကျွန်တော့်အခန်းထက် တောင်ကောင်းတဲ့
အဆင့်မှီအိမ်သာကြီးများ၊ ပြီးတော့ အိပ်ခန်း၊ ရေချိုးခန်း အစရှိသဖြင့်ပါပါတယ်။
ကိုယ်ဥာဏ်ရှိရင်ရှိသလောက် ဆန်းသစ် တီထွင်ရိုက်ကူးလို့ရတဲ့အတွက် အကျယ်တဝင့်
မညွှန်ကြားတော့ပါဘူး။
- နောက်ဆုံးအနေနဲ့ ဓါတ်ပုံရိုက်ပြီးလို့
Profile Picture တင်တော့မယ်ဆိုရင်တော့ photo frame၊ ဒါမှမဟုတ် စာလေးတွေ၊
အသည်းပုံလေး တွေမပါရင်မပြီးပါဘူး။ တွေ့ရတတ်တဲ့ စာလေးတွေကတော့ "ZOMG I’m sO
fUCkiNg CuTE!!!!!1122@@", "I miss you so much that I'm posting my
cute/revealing photos on Facebook", "I am so hot I'm jealous of
myself", "Your boobs are smaller than mine bwaa haa haa"
အစရှိသဖြင့်ဖြစ်ပါတယ်။ ကဲ...ပြင်ဆင်မှုတွေအားလုံး ပြီးပြည့်စုံသွားရင်တော့ Facebook
ပေါ်ကို တင်လို့ရပြီပေါ့နော်။ တင်ပြီးတဲ့အခါကျရင် မတော်တဆ Home Page မှာပဲဖြစ်ဖြစ်၊
Recent Posts မှာပဲဖြစ်ဖြစ် တစ်ချို့တစ်ချို့သောလူတွေက မကြည့်မိဘဲ ဖြစ်သွားရင်
ကိုယ်အပင်ပန်းခံ ဓါတ်ပုံရိုက်ထားရတာတွေ၊ ပြင်ဆင်လိုက်ရတဲ့အချိန်တွေ
အလကားဖြစ်သွားမှာပေါ့။ အဲလိုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သင့် Photo ကို
တင်လိုက်ပြီးတာနဲ့ သင့် Friends List ထဲက သိတဲ့သူကော၊ မသိတဲ့သူကော၊ မသိတသိသူကော၊
မသိသိတသိသိသူတွေကော အားလုံးကိုသာ Tag လုပ်လိုက်ပါ။ သင့် Photo အောက်မှာ Comment
လေးတွေကို ဝေေ၀ဆာဆာ တွေ့ရပါ လိမ့်မယ်။
အထက်ပါညွှန်ကြားချက်တွေကို
လိုက်နာခဲ့မယ်ဆိုရင်တော့ သင်ဟာ Friends ရာ၊ ထောင်ချီပိုင်ဆိုင်တဲ့ Facebooker
တစ်ယောက်အဖြစ်ကို မကြာမီရောက်ရှိပါတော့မယ်။ အဲဒီ Friends တွေထဲမှာ ပုရိသတွေကတော့
99.9999999999% ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး (အဲဒီလို ဖြစ်အောင် လုပ်ထားတာပဲ ဟာပဲ
ဟာပဲ ဟာကို)။
ထပ်ပြီးဂုဏ်ယူစရာကတော့
သင်ဟာဒီပုရိသတွေရဲ့ comment တွေနဲ့ ချီးမြောက်မှုတွေကြားမှာ
မျက်နှာပန်းပွင့်လန်းလာတော့မှာ မလွဲဧကန် ပါပဲ။ အဲဒီလိုချီးကျူးဂုဏ်ပြုမှုတွေကို
ကြိုတင်ခံစားလို့ရအောင် comment နမူနာလေးတွေကို
ကျွန်တော့်ရဲ့မှတ်ချက်လေးတွေနဲ့အတူဖော်ပြ ပေးပြီး ဒီ Guide ကို
နိဂုံးချုပ်အပ်ပါတယ်။
•
"လန်းတယ်နော်" (“ဟုတ်၊ ကျေးဇူးနော်”)
• "so
beauty" (English လိုပြောပြီးအထင်ကြီးလဲခံချင်သေး၊ Grammar ကလဲမပိုင်)
•
"စားချင်စရာကြီး" (အတော်ပဲ toilet က flush လုပ်လို့မရတာနဲ့)
•
“ဘယ်လိုကြည်ကြည် အမြဲလှတယ်” (မြန်မာစာလုံးတောင် မှန်အောင်မပေါင်းဘူး)
• သြော်---
သဘာဝတရားကို ပိုပြီးပြည့်စုံလှပသွားအောင် လှပနေသူပါလားနော် (“သဘာဝတရားကို
အကျည်းတန်အောင် ပေါရဲသူပါလား နော်”)
• _____
ရဲ့ပါးပေါ်က မှဲ့လေးဖြစ်ချင်လိုက်တာ (“ဟင့်အင်း၊
ကျွန်မကမှဲ့ရုပ်ဆိုးကြီးလိုချင်ဘူး”)
•
ကြည့်ကောင်းလို့ ______ ရဲ့ ပုံကို desktop မှာတင်ထားလိုက်ပြီ (“ရှင့် PC က Core
i7 မဟုတ်ရင်တော့ sorry ပဲ)
mail ကိုရောက်လာတဲ့ ဟာသလေးတစ်ခုပါ..ပြန်လည်းမျှဝေလိုက်ပါတယ်..ရေးထားတာတော့ဘယ်သူလည်းမသိဘူး
ရေးသူ credit ယူပါ

No comments:
Post a Comment