ချစ်ခြင်းမေတ္တာ အဆင့်သုံးဆင့်
တစ်စုံတစ်ယောက်ကို
ချစ်ခင်စုံမက်ရာမှာ ဆန္ဒပြင်းပြခြင်း၊ အာရုံဖမ်းစားခြင်းနဲ့ ချစ်ခင်တွယ်တာခြင်း
ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားနိုင်ကြောင်းကိုလည်း သိရပါတယ်။ အဆင့် တစ်ဆင့်တိုင်းမှာ
ဟော်မုန်းနဲ့ ဓာတုပစ္စည်း မျိုးစုံက ပဲ့ကိုင်ထားကြပါတယ်။
အဆင့်
1 Lust (ဆန္ဒပြင်းပြခြင်း)
ဒီပထမအဆင့်ကို
လိင်ဟော်မုန်းတွေဖြစ်တဲ့ တက်စတို စတီရုန်း (ကျားဟော်မုန်း) နဲ့ အီစထရိုဂျင်
(မဟော်မုန်း) တို့က ဖြစ်ပေါ်စေပါတယ်။ ကျားနဲ့မ ဆန့်ကျင်ဘက် လိင်အချင်းချင်း
သာယာတဲ့စိတ်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သာယာခြင်းလို့လည်း ပြောနိုင်ပါတယ်။
အဆင့်
2 Attraction (အာရုံဖမ်းစား ခြင်း)
ဒီအဆင့်မှာတော့
သူဟာ သင့်အာရုံကို ဖမ်းစားလိုက်ပြီ ဖြစ်တာကြောင့် ချစ်စိတ်မွှန်ကာ တခြားအရာတွေကို
သိပ်ထည့် မစဉ်းစား တတ်တော့ပါဘူး။ ဒီအဆင့်မှာ အက်ဒရီနလင်၊ ဒိုပါမင်းနဲ့
ဆီရိုတိုနင်တို့က အဓိက အခန်းကဏ္ဍအနေနဲ့ ပါဝင်နေပါတယ်။
Adrenaline
(အက်ဒရီနလင်)
တစ်ယောက်ယောက်ကို
ကြွေသွားပြီဆိုတာ ဦးဆုံးအနေနဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်ကာ သွေးတွင်း
အက်ဒရီနလင်နဲ့ ကော်တီဆော ဟော်မုန်းပမာဏ များလာစေပါတယ်။ ဒါဟာ သင်ချစ်တဲ့သူကို
ရုတ်တရက် ကြုံကြိုက်လိုက်တဲ့အခါ စိတ်ထဲ တစ်မျိုးလေးဖြစ်သွားပြီး ချွေးစေးတွေထွက်၊
ရင်တွေခုန်၊ စကားတွေထစ်ကာ အာခေါင် ခြောက်သွေ့ခြင်းမျိုးကို ဖြစ်ပေါ်လာစေပါတယ်။
Dopamine
(ဒိုပါမင်း)
ချစ်စိတ်မွှန်နေသူ
စုံတွဲတွေကို လေ့လာစစ်ဆေး ကြည့်တဲ့အခါ သူတို့မှာ ဒိုပါမင်းပမာဏ များနေတာကို
တွေ့ရတယ်လို့ သိရပါတယ်။ အဲဒီ ဒိုပါမင်းဓာတ်ဟာ ကျေနပ် ပျော်ရွှင်မှုအတိကို
ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကိုကင်းစွဲသလိုပဲ အချစ်ကိုလည်း အစွဲကြီး စွဲသွား
မိစေပါတယ်။ ဒိုပါမင်းဓာတ် များပါက အင်အားတွေ ပြည့်ဝလာကာ အိပ်ခြင်း၊
စားခြင်းတို့ကို သိပ်မမက်တော့ပါဘူး။ ချစ်သူ့မျက်နှာလေးကို တစိမ့်စိမ့်
ထိုင်ကြည့်နေရုံတင် ဗိုက်ဝနေပါပြီ ဆိုတာမျိုးပေါ့။ ဒါ့အပြင် အရာရာတိုင်းဟာလည်း
အချစ်ကြောင့် လှပသာယာနေသယောင် ခံစားနေရပါတယ်။
Serotorin
(ဆီရိုတိုနင်)
ဆီရိုတိုနင်
ဟော်မုန်းကတော့ သင့်ကို သင်ချစ်တဲ့သူအကြောင်း အမြဲတွေးနေမိအောင် ပြုလုပ်ပေးပါတယ်။
သူ့အကြောင်းကိုပဲ အလိုလို အချိန်ပြည့် တွေးနေမိတာမျိုးပါ။ ကိုယ့်အာရုံထဲ သူမကြာခဏ
ဝင်ရောက် လွှမ်းမိုးထားနိုင်လွန်းတယ် ဆိုတာမျိုးပေါ့။
အဆင့်
3 Attachment (ချစ်ခင် တွယ်တာခြင်း၊ သံယောဇဉ်)
နှစ်ယောက်ချစ်တာ
ကြာလာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ တွယ်လာတတ်ကြပါတယ်။ အဲဒီအခါ
မခွဲနိုင်ကြတော့ဘဲ လက်ထပ်ကြ၊ ကလေးမွေးကြတဲ့ အဆင့်ထိ ရောက်သွားကြပါတယ်။ ချစ်ခင်
တွယ်တာတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်ဖို့အတွက် Oxytocin နဲ့ Vasopresin ဆိုတဲ့
အဓိက ဟော်မုန်းနှစ်မျိုး လိုအပ်ပါတယ်။
Oxytocin
(အောက်ဆီတိုစင်)
ဒီဟော်မုန်းက
လင်မယားနှစ်ယောက် ထိတွေ့ပွေ့ဖက်တဲ့အခါမှာ ထွက်လာတတ်တဲ့ အစွမ်းထက် ဟော်မုန်းပါ။
ချစ်ခင်တွယ်တာတဲ့ ခံစားမှုကို ပိုစေနိုင်ပြီး လင်မယားအချင်းချင်း တစ်ယောက်ပေါ်
တစ်ယောက်ပိုပြီး နီးကပ်လာတယ်လို့ ခံစားရစေပါတယ်။ အောက်ဆီတိုစင်ဟာ မိခင်နဲ့
ကလေးကြား သံယောဇဉ်ကိုလည်း ခိုင်မြဲစေပြီး ကလေးမီးဖွားတဲ့ အချိန်မျိုးမှာ
ထွက်လာတတ်ပါတယ်။ ဒါ့အပြင် မိခင်နို့ချိုမှာလည်း ပါရှိတတ်တာကြောင့် ရင်သွေးငယ်က
ကိုယ့်အပေါ် ချစ်ခင်တွယ်တာမှုကို ပိုလာစေနိုင်ပါတယ်။
Vasopressin
(ဗေဆိုပရက်စင်)
ဒီဟော်မုန်းကလည်း
လင်မယားကြား ချစ်ခြင်းတွေ တည်တံ့ခိုင်မြဲအောင် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင်
ကျောက်ကပ်နဲ့ ပူးပေါင်းကာ ရေငတ်ခြင်းကို ထိန်းချုပ်ပေးတာကြောင့် ဆီးရွှင်မှု
ထိန်းချုပ်ပေးတဲ့ ဟော်မုန်းအဖြစ်လည်း သိထားကြပါတယ်။
mail ထဲရောက်လာတာလေး ပြန်မျှဝေလိုက်ပါတယ်.......

No comments:
Post a Comment