Powered By Blogger

Tuesday, July 17, 2012

ကဗျာ


နှင်းကိုက်တဲ့ည

ညဟာ ညကိုခိုးဝှက်
ညဟာ သိပ်ရှက်နေတယ်
ကြယ်တွေ ပြိုးပြိုးပြတ်နဲ့ ညဟာ
ညဉ့်ဝတ်ရုံခပ်ပါးပါးကိုလွှမ်းခြုံလို့
ည အာရုံကို ခံစားနေလေရဲ့
သုံးရက်  လ မှာ
ခုံးမျက်စနဲ့
ရုန်းထွက်မရ အောင် လှတဲ့ ည
ချစ်သူမရှိတဲ့ ည
ချစ်အပူမိတဲ့ ည
ချစ်သူ မသိတဲ့ ည။
                       မိုးသစ်

No comments:

Post a Comment