မင်းရှိဖို့လိုတယ်
ဘယ်သူမှမရှိတော့တဲ့နေ့
အနားမှာမင်းရှိနေဖို့လိုတယ်။
ဘယ်သူ့မှ
မချစ်တော့တဲ့နေ့
အနားမှာ
မင်းချစ်နေဖို့လိုတယ်။
ပြီးတော့
ခဏ ခဏ ချို့ယွင်းတက်တဲ့
မှတ်ဥာဏ်အတွက်
အနားမှာမင်းရှိနေဖို့
လိုတယ်။
စိတ်မကွက်ပါနဲ့ချစ်သူရယ်
အချစ်တစ်ခု
ဖြူစင်မှုနဲ့ရိုးသား
ကိုယ်ဟာ
အမှားများခဲ့သူပါ။
ထောင့်ငါးရာ မေတ္တာမှာ
အပြစ်အနာအဆာတွေနဲ့ မို့
မင်းပစ်ခွာမသွားပါနဲ့လို့
ပြောမထွက်ခဲ့သူ
အဲ့ဒီ့လူ
အနားမှာ
မင်းအချစ်တွေလိုတယ်။
ပခုံးပေါ်ခေါင်းလေးထိုးအက်
တရှိုက်မက်မက်နမ်းခဲ့ဖူးတဲ့နေ့တွေလို
အနားမှာမင်းရှိနေဖို့လိုတယ်။
မိုးသစ်


No comments:
Post a Comment