င့ါအတွက် တစ်နေရာပေးပါ
ဘယ်ချောင်မှာပုန်းရမှန်းမသိအော င်
ငါနေစရာမရှိခဲ့။
ငါ့အတွက်နေရာ တစ်ခုစာလေးတင်ပါ။
ငါ့စိတ်ကို က ငါ့ကိုပြန်ခြောက်လှန့်
ငါဟာကြောက်လန့်နေခဲ့ရ။
ငါဟာမလုံ ခြုံဘူး။
ငါမှာသံသယတွေနဲ့..
ငါ့စိတ်က ငါ့ကို …
ငါ့ကို တစ်စုံတစ်ခုက နှောင့်ယှက်နေတယ်။
မဟုတ်ဘူး
မဟုတ်ဘူး …
ငါ့ကို ငါ ပြန်ခြောက်နေတာ
ငါ့မှာ ငါဆိုတာ မရှိဘူး..
ရှိတယ် ….ငါရှိတယ်
ငါ့ကို ငါ….
ငါက ကြောက်နေရတာ
ငါမရှိတဲ့ စိတ်မှာမှ ငါအတိပြည့်နေခဲ့ရ။
မိုးသစ်

No comments:
Post a Comment