Powered By Blogger

Wednesday, July 18, 2012

ကဗျာ

မင်းငါနဲ့အတူတူရှိနေပေးပါ


မင်းငါနဲ့အတူတူရှိနေပါ
မင်း ငါနဲ့ အတူတူရှိနေပေးပါ
ငါလိုချင်တဲ့ မေတ္တာတွေပေးဖို့
ဟန်ဆောင်ဒေါသတွေနဲ့
နူးညံ့တဲ့အကြင်နာတွေ ပေးဖို့
နွေးထွေးမှု တွေ မွတ်သိပ်နေသူ
တစ်ယောက်အတွက်
မင်း ငါနဲ့အတူတူရှိနေပါ
မင်းငါနဲ့ အတူတူရှိနေပေးပါ
မင်းရဲ့မျက်ဝန်း…….(အေးမြသိမ်မွှေ့တဲ့အပြုံး)
မင်းရဲ့အသံ………..(နူးညံ့ညင်သာစွာ)
မင်းရဲ့ ယုယမှု…….(နွေးထွေးတဲ့ အကြင်နာ)
ငါနဲ့အတူတူရှိနေပါ
မင်းငါနဲ့အတူရှိနေပေးပါ….
ပျော်ရွှင်မှု ဇိမ်ခံပစ္စည်းများ
အစားထိုးလွယ်တဲ့ လောကမှာ
မင်း ချစ်မေတ္တာတွေနဲ့
မင်း ငါနဲ့ အတူတူရှိနေပေးပါ…
ညစဉ်ညတိုင်း အိပ်မက်ထဲ
မင်းကို ထည့်ထည့်မက်ခဲ့..
လူတွေနားမလည်တဲ့ ဘာသာဗေဒတွေနဲ့
မင်း ငါ့ကိုနားလည်တက်ခဲ့။
ကြည့်စမ်း……….
မင်းအတွက် ငါ ဟုတ် မဟုတ်
မသေချာတာကိုက !
သေချာခဲ့..
မင်းဟာ ငါ့အတွက်ဖြစ်တယ်ဆိုတာ။
ဥတုသုံးပါးလုံး မင်းရှိနေပေးပါ။
မင်းငါနဲ့အတူတူရှိနေပေးပါ။
မင်း ငါနဲ့ အတူတူ ထာဝရပေါ့..။
ငါ့လက်ကလေးတွေ ပူနွေးလာစေဖို့
ငါ့ခြေလှမ်းတွေ မှားယွင်းမသွားစေဖို့နဲ့
တခါ တခါ နီးလာလိုက် ဝေးသွားလိုက်
တမ်းတမှု တွေနဲ့ တုန်ခါ
မောဟိုက်ပင်ပန်း စွာ လောင်မြှိုက်
ကမ္ဘာကြီး စိုစွတ်အောင်
လွမ်းရတယ်………………………………….
မင်း ငါနဲ့အတူတူရှိနေပေးပါ။
မင်းငါနဲ့အတူတူအမြဲတမ်းပေါ့။
                                      မိုးသစ်

No comments:

Post a Comment