မွေးပြီးသိပ်မကြာခင် စကားပြောတတ်တဲ့အရွယ်ရောက်တော့ လူတွေကမေးတယ်
သားကြီးလာရင်ဘာလုပ်မလဲတဲ့ လူကြီးတွေ သင်ပေးတဲ့အတိုင်း ဆရာဝန်ကြီးလုပ်မယ်ပေါ့
နောက်နည်းနည်းကြီးလာတော့ ဇာတ်ကားတွေကြည့်ပြီး သိပ္ပံပညာရှင်ဖြစ်ချင်လာတယ်
အင်း ကြီးလာရင် သိပ္ပံပညာရှင်လုပ်မယ်လေ ဒီလိုနဲ့တဖြည်းဖြည်းအချိန်တွေကြာလာတော့ တခြားသူတွေ ကြိုးစားပြီးအာင်မြင်တာကြည့်ပြီးစီပွားရေးသမားပဲလုပ်တော့မယ်။"ဟာအပေါင်းအသင်းထဲမှာစီးပွားရေးသမား တစ်ယောက်ရှိတော့ ကောင်းတာပေါ့ တဲ့" အပေါင်းအသင်းတွေက သြော် ဆယ်တန်းတွေ ဖြေ ပြီးအောင် စာရင်းထွက်တော့။အဖေကပြောတယ် " မင်းအမှတ်က DSAပဲ တက်လို့ရတယ်" တဲ့ "မဆိုးပါဘူး၊ စစ်ဗိုလ်ဆိုတော့လည်း စစ်ဗိုလ်ပေါ့။" ဒီလိုနဲ့ ၀င်ခွင့်တွေ ဖြေပြီးမအောင်တော့ "မဖြစ်တာပဲ ကောင်းပါတယ် ငါကအပင်ပန်းမှမခံနိုင်တာ" ဆိုပြီး ကျောင်းဆက်တက်တယ် ကျောင်းတက်ရင်း သူငယ်ချင်းတွေက သရုပ်ဆောင်တွေလုပ်ကြ အောင်မြင်တဲ့လူက အောင်မြင်နဲ့ဆိုတော့ကိုယ်ရုပ်မှကိုယ် အားမနာ မင်းသားဖြစ်ချင်လာပြန်တယ။် တကယ်လုပ်တော့မလားဆိုတော့လည်း အနုပညာလောက ကမလွယ်ပါဘူးဆိုပြီးထားလိုက်တော့တယ်။"ဒါပေမယ့် ဘာမှမလုပ်လို့တော့မရဘူးလေ ဟုတ်တယ်မှတ်လား"ဒါဆိုနိုင်ငံခြားသွားလေအလုပ်ပဲလုပ်လုပ် ကျောင်းပဲတက်တက်ကောင်းတာပဲလို့ပြောကြတယ်
သွားမယ် သွားမယ် နိုင်ငံခြားကို "သားရယ်မေမေတို့မှာသားလေးတစ်ယောက်တည်းရှိတာ နိုင်ငံခြားတော့မသွားပါနဲ့ကွယ်။မေမေတို့ မျက်စိရှေ့မှာပဲနေပါ။မင်းကို လုံးဝစိတ်မချဘူး မင်းအစ်မ တွေလည်းသွားပြီဆိုတော့ မေမေတို့နားမှာပဲနေပါ"
အဲဒါလည်းကောင်းတာပါပဲလေဒီလိုပဲနေရင်းထိုင်ရင်းနဲ့ ဟိုလိုလို ဒီလိုလို နဲ့နေလာတာ ငွေရေးကြေးရေးဆိုတာကိုယ်အတွက်တော့ပူစရာမရှိပါဘူး၊ကိုယ်က စားနိုင်သောက်နိုင် မရှိမရှားထဲကပေါ့ ဘ၀ဆိုတာအချစ်မရှိရင် ဆားမပါတဲ့ ဟင်းလိုပဲတဲ့အဲဒါကိုတော့ လက်ခံတယ်၊ရင်ခုန်စရာမရှိရင် အရမ်းပျင်းဖို့ကောင်းတယ်။ ရင်ခုန်စရာ တော့ရှာရမှာပေါ့
ရှာရင်တော့တွေ့ရမှာပေါ့ ကိုယ်ကလည်းရုပ်ဆိုးဆိုးထဲကမှ မဟုတ်တာ ၊ရည်းစားရပြီ ဟေ့
တကယ်ကို ချစ်တယ်ဗျာ သူလေးကိုတော့ တကယ်ပြောတာပါဗျာ
ချစ်ကြပြီဆိုတော့လည်းအတူတော့နေရမှပေါ့၊ နည်းနည်းလည်းကြာလာတော့ သူက "ကိုယ်ကိစ္စ ကိုယ်ရှင်းပါတ"ဲ့"ဟာ ..... အဲဒါမှ ကွိုင်ပဲ" ဟုတ်ပါတယ် ကျွန်တော်ကလည်း ကျွန်တော်ပဲကို
ဘာဖြစ်လည်းကွာ ယောင်္ကျားပဲ တာဝန်ယူတယ်ဟေ့  ယူ တယ်
တကယ်တမ်း ဘယ်အရာမဆို အစပိုင်းတော့ ပျော်စရာကောင်းတာပဲနော်
မေမေက လည်း သူချွေးမလေးကို ချစ်ပါတယ်တဲ့ဖေဖေ ကတော့ ကျွန်တော်ကို ဘာမှကို မပြောတော့ ဘူး (နားအေးတာပဲ) ယောက္ခ မ က တစ်မျိုးပဲ လူတွေ့တိုင်းအလုပ်လုပ်ဖို့ပဲပြောနေတယ်။
"လုပ်ချင်တာပေါ့ ဘယ်သူက ဒီလိုနေချင်မှာလည်း ဟုတ်တယ်မှတ်လား"
တစ်ဦးမေတ္တာ တစ်ဦးမှာဆို တော့ ကြည့်မရတာ အဆန်းတော့လည်း မဟုတ်ပါဘူး။
ဒါပေမယ့် စိတ်တော့ညစ်တာအမှန်ပဲဗျို့ ရှုးတောင်ရှုးချင်တယ်
မိန်းမက သူအမေအိမ်ပြန်နေချင်လို့တဲ့ ကိုယ်ကလည်း ဒါမျိုးဆို တားလို့မကောင်းဘူးလေ။
နောက်ကျမှသိရတယ် သူ ဘယ်တော့မှပြန်လာမှမဟုတ်တော့ဘူး သူ့မိဘတွေက နိုင်ငံခြားကို လွှတ်လိုက်ပြီဆိုပဲဗျ ဘယ်တက်နိုင်မလဲ သူမှမနေချင်တော့တာစိတ်ညစ်လွန်းလို့ ဘုန်းကြီးဝတ်ပြီးပဲနေတော့မလားစဉ်းစားပြီး တစ်ပါတ်လောက်ဘုန်းကြီးသွားဝတ်လိုက်ပါတယ။်
အားပါး ဘုန်းကြီးတွေ သိက္ခာပုဒ် က ဗလာစာအုပ်တစ်အုပ်စာလောက်ရှိတယ်၊မလွယ်ပါဘူး ဗျာ၊
ခုတိုင်းလေးနေတာ ကမှ အကုသိုလ်ကင်းပါသေးတယ် မဟုတ်ဘူးလား
ဒီတော့ ကျွန်တော်ကို ချစ်တဲ့ မေမေနားမှာပဲနေပြီး အရိုးထုတ်တော့မယ် စိတ်ကူးတယ်။

No comments:
Post a Comment