Powered By Blogger

Wednesday, July 18, 2012

ကဗျာ


အချစ်ဓာတ်သုံးပါး

သူမကိုချစ်တဲ့ အချစ်တွေသာ
ရေဖြစ်ခဲ့ရင်
ဒီကမ္ဘာကို ပတ်ဖြန်း
အေးမြ
လန်းဆန်းပါစေသား.။

သူမကိုချစ်တဲ့အချစ်တွေသာ
နေဖြစ်ခဲ့ရင်
ဒီကမ္ဘာကို အလင်းပေး
နူးညံ့နွေးထွေးပါစေသား.။

သူမကို ချစ်တဲ့အချစ်တွေသာ
လေဖြစ်ခဲ့ရင်
ဒီကမ္ဘာကို မွှေးရှ
လက်ဆက်အေးမြ
ရှင်းသန့်ပါစေသား.။
                           မိုးသစ်
                

No comments:

Post a Comment