ချင်း(ဂျင်း) ရဲ့ ဂုဏ်သတ္တိ
ချင်း(ဂျင်း)စားရင် အစာစားချိန်မှာ ဗိုက်ပြည့်နှုန်းနှစ်ဆမြန်တဲ့ အတွက် တစ်နှစ်အတွင်း ကိုယ်အလေးချိန် ၁၂ ပေါင် ကျဆင်းနိုင်ပါတယ်။ချင်း(ဂျင်း) ရဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ ဂုဏ်သတ္တိကြောင့် အဆစ်ရောင်
ဝေဒနာခံစားရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းက အဆစ်ရောင်တာ၊နာတာနဲ့ တောင့်တင်းတာတွေ သက်သာ
သွားတယ်လို့ ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး
ပင်စိမ်းရွက်ရဲ့ အကျိုးအာနိသင်
ပင်စိမ်းရွက်က ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။ ပင်စိမ်းရွက်ခြောက်မှုန့်
ထမင်းစားဇွန်း သုံးဇွန်းကို ဆူပွက်နေတဲ့ ရေနွေးတစ်ခွက်ထဲကို ထည့်မွှေပြီး အအေးခံပါ။ပြီးရင် အရွက်တွေ
ကို စစ်ထားပြီး အရေကို စပရေးဖျန်းလို့ ရတဲ့ ပုလင်းထဲ ထည့်ပြီး အရေပြားကိုပတ်ဖျန်းပေးပါ။မျက်နှာသန့်
စင်ပြီး တိုင်း မျက်နှာပြင် အနှံ့ကို ၀ါဂွမ်းစနဲ့လိမ်းပေးပါ။
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
စိတ်ဓာတ်ကျခြင်းကို ကာကွယ်နည်း
ကြက်ရင်ပုံသားနဲ့ ကြက်ဆင်သားတွေစားခြင်းဖြင့် ကောင်းမွန်တဲ့ အသားဓာတ်နဲ့ ဗီတာမင် B3တွေပါဝင်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေကာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို
ချေဖျက်ပေးနိုင်ပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

No comments:
Post a Comment