Powered By Blogger

Wednesday, July 18, 2012

ကဗျာ


 သူဟာ ကျွန်တော့်ရဲ့ နတ်ဆိုးလေးပေါ့

ငါရဲ့ ပါလ်ပ  ဂြိုလ်လေးရယ်
ငါ့ရင် ဘက်က ဆည်းလည်းသံ လေးဟာ နင်ဖြစ်ရဲ့…။

မနက် မနက် မြှူ နှင်းတွေကြား
ရေခပ်ဆင်းတဲ့ နေခြည်နွေးနွေးဟာလည်း နင်ဖြစ်ရဲ့…။

နင့်ကျည်ကပ်က ကျည်ဆံ
ငါ့ရင်ဘက်က ရင်ခုန်သံ စည်းချက်
အရေအတွက် ဘယ်လောက်ဆိုတာ
နင်လည်းသိရဲ့ ငါလည်းသိရဲ့။
င့ါရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
နောက်တစ်နေ့ မနက်အတွက်
ဒီတစ်ညတော့ ဖြတ်ရမယ် ……

ငါ့ရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
ငါ …. ပျိုးကျဲ ခဲ့တဲ့ အိပ်မက်မှာ မလူးသာ မလွန့်သာ…။
အိပ်မက်ရယ် အိပ်မက်သာ ဖြစ်လိုက်ပါတော့ ….
“ အဲ့လို မချိတင်ကဲ ကျုံးဝါး နှုတ်ခမ်းဖျားမှာ
တဆက်ဆက်တုန် င့ါရင်ခုန်သံမရပ်သေးဘူး” ….။

င့ါရဲ့ ပါလ်ပဲဂြိုလ်လေးရယ်
နင်ဟာ ငါ့ရဲ့ဆောင်းမနက်ခင်းလေးပဲ
တိမ်ထုတွေကြား က နှင်းရည်စက်
မြက်ဖျားနှင်းတွေ လို ရွှဲ ရွှဲစို 
ငါ့ရင်မှာ တွဲလဲခိုပေါ့…
နေစွယ်မှာ ကွယ်ပျောက်
သွေ့ခြောက်လို့အရာထင် ငါ့ရင်မှာ
နင်ဖြစ်ရဲ့……။

ငါ့ရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
မင်း အိပ်မက်က မင်းသား ငါ မဟုတ်ဘူးကွယ့် …
ငါ မဟုတ်ဘူး …။
ဒါပေမယ့်
ငါစကားတစ်ခွန်းခပ်တိုးတိုး ဆို
(သေချာနားထောင်နော်)
င့ါအတွက် နတ်ဆိုး
မင်းလိုမျိုးလေးပေါ့….။

င့ါရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
ချစ်သူတစ်ယောက်ကို ညို့ငင်
ဒီအတက်ကို
ဘယ်အရပ်မှာ မင်းသင်လို့ 
ခုလိုပညာရှင်ဖြစ်နေရာတာလည်း …….
မင်းဟာ ငါ့အတွက်တော့ မှော်ဆရာပဲ။

ငါ့ရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
ဘယ်ဂြိုလ် နက္ခတ် ဘယ်ရာသီခွင်မှာ
ဘယ်အက္ခရာ နဲ့ စာတင်တင်
နင်ဟာ ငါ့အတွက် နတ်ဖုရား ..
နှောင်းလူတွေ မှတ်သား  လိမ့်မယ်ပေါ့။

င့ါရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
ဘ၀ဆိုတာလည်း ခက်သား
မဖြစ်နိုင်တာ တွေသိပ်များပေါ့ …
အလွှဲတွေ နဲ့ အသားကျ
ပြန်တည့်မရတဲ့ ဘ၀မှာ ပဲ
အားလုံးကို ပျော်စေချင်ခဲ့။
                                                              
ငါ့ရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
ဒီဘ၀ကို ပဲ ပျော်ပါရဲ့။
ဒီဘ၀ ကိုလည်း မုန်းမိခဲ့။

င့ါရဲ့ ပါလ်ပဂြိုလ် လေးရယ်
ကိုယ့်အကြောင်း ကိုယ်ပြောရတာ
ကိုယ့်လက်မောင်းသွေး ကိုယ်ဖောက်သောက်ရသလိုပဲ
နည်းနည်းတော့ ငန်မြည့်မြည့်နေခဲ့။

ငါ့ရဲ့ ပါလ်ပ ဂြိုလ်လေးရယ်
နင်ဟာ ငါ့အိပ်မက်
မဟုတ်ဘူး  နင်ဟာ ငါ့ကမ္ဘာ 
မဟုတ်ဘူး … မဟုတ်ဘူး …။
နင်ဟာ ငါ့ဘဝ
နင်ဟာ ….နင်ဟာနင်ဟာ
နင်ဟာ……………….
….

အဲ့လို ဒွိဟစိတ်တွေနဲ့
စိတ်လို    လက်ရ
ငါ
တိတ်……..ဆိတ်……. ဆွံ့…..... အ။
                                            မိုးသစ်

No comments:

Post a Comment