Powered By Blogger

Monday, July 23, 2012

ဗေဒင်


ဟာသ ဗေဒင်ဆိုပေမဲ့ စရိုက်ကို ပီပြင်တယ်နော်
(၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ
သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်”Aries “ဟုတ်ကဲ့ပါ မေမေ”

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့
အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်”
မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?”
Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှဒါန်းစီးတာပါ”
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)
(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
ဖရဲသီးရောင်းသူ “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”
ရေဆာနေတဲ့ Taurus ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)
(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)
မေမေ “Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ”
Gemini “အာ….. မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ”
(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ်ပြင်းထန်သူဖြစ်တယ်)
(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)
Cancer “ဒီည သားမေမေနဲ့အိပ်မယ်”
မေမေ “သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?”
Cancer “အင်း”
မေမေ “ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?”
Cancer “ဖေဖေနဲ့ ပေးအိပ်လိုက်မယ်”
(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)
(၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)
Leo “ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?”
ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံးယူလိုက်တယ်။
Leo “မေမေ.. မေမေ တင်ပါးထဲမှာ အီးတွေနဲ့….”
ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။
(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကိုသိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)

(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)
virgoက ကိုယ့်ချက်ကိုကြည့်ပြီး “ဒါဘာလဲ”လို့ ဖေဖေကို တအံ့တသြမေးတယ်။
ဖေဖေက “ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့ဆရာဝန်က
ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲလိုနဲ့ချက်ဖြစ်လာခဲ့တယ်” လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo “ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်”
(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)
(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)
ဖေဖေ “Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေကအမွှာလေး
မွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်”

Libra “ဟုတ်ကဲ့ဖေဖေ… ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။
ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်”

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်မှန်းဆတတ်သူဖြစ်တယ်)
(၈) Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့
Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေခြင်ထွက်မသွားဘူး။“ကောင်းပြီ…. မင်းမထွက်ရင် ငါထွက်တယ်ကွာ!”

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။
ပြီးမှ အားရကျေနပ်ဟန်နဲ့—
“ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီးသတ်ပစ်မယ်”
( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)
(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Sagittarius “ဖေဖေ… ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?”
ဖေဖေ “သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့”
Sagittarius တအောင့်လောက် စဉ်းစားပြီး…..
“ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?”
ဖေဖေ “…………”
(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)
(၁ဝ) Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)
တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့
ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး “မိုးရွာပြီ…ပြေးပြေး.. ရှေ့ကိုပြေး!”
လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့ “ရှေ့မှာမိုးမရွာလို့လား?” တဲ့။
(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ပျင်းရိသူဖြစ်တယ်)

(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)
Aquarius “ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?”
မေမေ “ကြက်မက ထွက်လာတာပေါ့”
Aquarius “‘ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?”
မေမေ “ကြက်ဥက ပေါက်လာတာပေါ့”
Aquarius “ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?”
(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)
(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)
ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။
ဖေဖေ “ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်”
Pisces “သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကိုရောက်လာခဲ့တာပေါ့နော်”
(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကိုမခွဲခြားတတ်သူဖြစ်တယ်)

mail ထဲရောက်လာတာလေးပါ....

ဗေဒင်

ကိန်းဂဏန်းတွေကပြောသော လူတို့အကျင့်စရိုက်လေးများ
ဇန်န၀ါရီ

၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့
ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်
မတ်
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်
ဧပြီ
၀၁ - ၀၃ ခွေး၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်
မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့
ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်
ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်
သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်
စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး
အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်
နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်
ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်၂၆ - ၃၁ ချိုးငှက်
၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီးသဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝသံသယ ဖြစ်စရာ မလိုပေ။အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီးပင်ကိုစိတ်ရင်း အားဖြင့် လည်း ရိုးသားသူ တစ်ဦး ဖြစ်သည်။အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချဆက်ဆံတတ်သူလည်း ဖြစ်သည်။ထို့ကြောင့် မိတ်ဆွေ အပေါင်းအသင်းများ အလယ်တွင် အားလုံး၏ချစ်ခင်မှုကိုရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်းလိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများ တွင် စိတ်ဓါတ်ကျလေ့ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်း အသင်းများအလယ်တွင် ထင်ပေါ် ကျော်ကြား သူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်းအသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင်တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့်လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်းသဘင်များတွင်လည်း သင်ရှိနေစေရန် လိုလား ကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံ တစ်ယောက် ကစကားမှား ပြောမိလျှင်လည်းခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြသေ့င်္င့်္ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက် သူ ဖြစ် သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူဖြစ်သည်။ အိမ်တွင်းမှာထက် အပြင် မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင်ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူဖြစ် သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန်နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်း နိုင် သူ လည်း ဖြစ်သည်။သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစ်စုံတစ်ယောက်က ကိုယ့်ကိုဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက် တာထက် အဆပေါင်း များစွာတုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများကမြှောက်ပင့် ခိုင်းစေ တတ်သည်ကို အထူး သတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်းချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည် ထက် ပိုပြီးရှက်နေတတ်သည် ။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက်နေရသည်များကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ်ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ် သည်။ပုံမှန် အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရလိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူလည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှမိတ်ဆွေများ က သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့်စကားပြောဆိုရန်ဝန်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်းဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကိုအကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်ကငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကိုမြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက်ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အားချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှနောက်ကွယ် မှာအတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာမည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည်ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။
ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီးပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့်ကင်းကွာ နေတတ်သည် ။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင်ကိုယ်ကခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့်အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလို လား။ ဤသို့ ဆက်ဆံတတ်သူ
များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူတစ်ဦးဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေ ကာမူအလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်းများနှင့်အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်းဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများ ကိုကူညီတတ် သူဖြစ် သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှုလွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လို သူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကိုခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ် သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ် သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ်ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာထားတတ်သူများ ဖြစ်သည်။ ဆဌမအာရုံ ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်

-- 
အားလုံးပျော်ရွင်ပါစေ




-- 


mail ထဲရောက်လာတာလေးပါ.....

ဟာသ

A - Z ရည်းစားစာ

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်
မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှစွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကိုပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို (I) တွေတိုင်းလည်းခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာအချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ်မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေသက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ကိုယ်ဟာမေ့ရဲ့
(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာချစ်တဲ့အကြောင်းဖွင့် (M) ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှအထွန့်တက်လာကြသေးတယ်။
မေရယ် .......။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ မ
(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်။     

A to Z ရည်းစားစာလေးပါ ဘယ်သူရေးတာလည်း မသိ ခရတ်ဒစ်ယူကြပါကုန် ..သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာလေးပါ

သိမှတ်စရာ

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း
 " အနှစ်လို  အချစ်ပိုချင်ရင်  *စစ်ဗိုလ် * ကိုစဉ်းစားပါ "

" ကညာမွန်  အညာလွန် ချင်ရင် *ဆ၇ာဝန်* ကိုရွေးပါ "

" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "

" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ "

" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် * ပြည်သူ့ ရဲ* တောင်မစဉ်းစားနဲ့ "

" အချစ်များပြီး ပြစ်ထားမယ်ဆိုရင*စစ်သား*  ကို လည်း မယူနဲ့ "

" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်ရင် *နတ်ကတော်* လည်းမရွေးနဲ့ "

" အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် *ယာဉ်ထိန်းရဲ * ကိုလည်းမစဉ်းစားနဲ "့


" ကုန်တာမှိုင် လိုရာမပိုင်ရရင် *companyပိုင်ရှင် * လည်း အလျှော့မပေးနဲ့ "

" အဖြီးအပြတ်လှော် မီးသတ်မတော်ရင် * မီးသတ်ကတော် * လည်း မလုပ်နဲ့ "

" ရစ်မက်တပ်ရစ် အရက်မပြတ်ကစ်ရင် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "

" ရတက်ဖြစ်အရေး လက်ဖက်ရည် ကစ်ရေး ဆို၇င် *ဆက်သွယ်ရေး * ကောင်လည်း မရွေးနဲ့ "့ 

" ယမင်းအပျော်ထား အတင်းပျော်အား နေရင် *သဘောင်္သား * ကိုလည်း ရှောင်ပါ "

"  ရှာသမျှ ကုန်မယ်ဆိုရင် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ "

" မယားမပြတ်မော. အနားကပ်လျော့ရှင် *ကားဝပ်ရှော့ * ဆရာလည်း မရွေးနဲ့"

"နောင်မပူ ပြီးစီးမယ်ဆိုရင် *တောင်သူဦးကြီး * များကို စဉ်းစားပါ့"


mail ကရတာလေးပါ...

သိမှတ်စရာ

သူငယ်ချင်းတို့ 
ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။
မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။
ကိုယ်ရွေးလိုက်တဲ့အဖြေရဲ့ ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။
မေးခွန်းတိုင်းဖြေဖို့ မလိုပါဘူး
၁။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။
(A) ပေကျင်း - မေးခွန်းနံပါတ် ၂ ကိုဖြေပါ
(B) တိုကျို - မေးခွန်းနံပါတ် ၃ ကိုဖြေပါ
(C) ပဲရစ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ

၂။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
(A) ငိုတတ်တယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) မငိုတတ်ဘူး - မေးခွန်းနံပါတ် ၃ ကိုဖြေပါ

၃။ သင်ဟာချစ်သူနဲ့ ချိန်းထားတယ်၊ ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊ ဒါဆိုသင်ဘာလုပ်မလဲ?
(A) နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) ချက်ချင်းပဲပြန်တော့မယ် - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(C) လာတဲ့အထိစောင့်မှာပေါ့ - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၎။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
(A) အင်း - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(B) ဟင့်အင်း - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၅။ ပထမဆုံးချိန်းတွေ့ ချိန်မှာ သူကသူ့ ကိုနမ်းဖို့ တောင်းဆိုလာရင် ဘာလုပ်မလဲ?
(A) မနမ်းပါဘူး - မေးခွန်းနံပါတ် ၆ ကိုဖြေပါ
(B) သူ့ လက်ခုံကိုဖွဖွလေးနမ်းမယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(C) ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ့ - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၆။ သင်ကဟာသဥာဏ်ရွှင်တဲ့သူလား
(A) ဟုတ်တယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(B) မဟုတ်ဘူး - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၇။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
(A) ထင်ပါတယ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မဟုတ်ပါဘူး - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ

၈။ တကယ်လို့ သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ
(A) ယောင်္ကျားအဖြစ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မိန်းမအဖြစ် - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ
(C) ဘာဖြစ်ဖြစ်ပါ - TYPE D ( အဖြေတစ်ခါတည်းကြည့်လို့ ရပါပြီ )

၉။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
(A) ထားဖူးတယ် - TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထားဖူးပါ - TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

၁၀။ သင်ဟာလိမ္မာပါးနပ်သူလို့ ထင်ပါသလား။
(A) ထင်ပါတယ် - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထင်ပါဘူး - TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

အဖြေ
TYPE A: Congratulations!
သင်ဟာတစ်ဖက်သားအပေါ်အရမ်းကိုဆွဲဆောင်မှုရှိပါတယ်၊ ချစ်သူရဲ့ မျက်လုံးထဲမှာသင်ဟာချစ်စဖွယ်အလှကိုပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ
သင်ဟာချောမောလှပရုံတင်မက ဟာသဥာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပါတယ်။ ပညာတတ်ပုဂ္ဂိုလ်ဖြစ်ပြီးလူတွေကိုဘယ်လိုပေါင်းသင်းရမယ်၊ အချိန်ကိုဘယ်လိုခွဲဝေအသုံးချရမယ်ဆိုတာကောင်းကောင်းသိသူပါ။ ဒါကြောင့်သင်ဟာလူတွေကြားမှာအမြဲတမ်းထင်ပေါ်နေမှာပါ။

TYPE B: Quite good!
သင်ဟာဆန့် ကျင်ဘက်အပေါ်အလွယ်တကူတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့သင့်အပေါ်လွယ်လွယ်ကူကူချစ်မိသွားဖို့ တော့သိပ်မဖြစ်နိုင်ပါဘူး။ သင့်ရဲ့ ဟာသဥာဏ်ကလူတွေကိုပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲသင်နဲ့ အတူရှိရတာပျော်နေပါလိမ့်မယ်။

TYPE C: Not bad!
သင်ဟာဆန့် ကျင်ဘက်လူအပေါ်အလွယ်တကူမဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့သူတို့ ရဲ့ စိတ်ထဲမှာသင်ရှိနေတာကောင်းတယ်လို့ ထင်ရလောက်အောင်သင့်မှာကောင်းကွက်လေးတွေတော့ရှိပါသေးတယ်။သင်ဟာရိုးသားဖြူစင်ဖို့ တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို့လဲလိုမှာပါ။ သူငယ်ချင်းတွေကတော့သင်ဟာခင်မင်စရာကောင်းတယ်လို့ ထင်ကြမှာပါ။

TYPE D: Oh!
သင်ဟာတစ်ဖက်သားအပေါ်မှာလုံးဝကိုဆွဲဆောင်မှုမရှိပါဘူးတဲ့။ သင်ဟာဗဟုသုတလဲသိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲသိပ်မရှိပါဘူး။ ချစ်သူအပေါ်မှာလဲရိုင်းပျစော်ကားတာမျိုးမလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာဆန့် ကျင်ဘက်တွေကြားမှာသိပ်ပြီးမထင်ပေါ်သူပါ။

mail ကိုရောက်လာတာလေးပါ။

သိမှတ်စရာ

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင်....
......................

1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို
မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။
 mail ထဲကိုရောက်လာတာလေးပါ...

ထူးထူးဆန်းဆန်း














Abraham Lincoln ဟာညီလာခံကို ၁၈၄၆ ခုနှစ်မှာ ရွှေးချယ်ခံရပါတယ်။
John F. Kennedy ဟာညီလာခံကို ၁၉၄၆ ခုနှစ်မှာ ရွှေးချယ်ခံရပါတယ်။

Lincoln ဟာ ၁၈၆၀ မှာ အမေရိကန် သမ္မတ ဖြစ်လာပါတယ်။
Kennedy ဟာ ၁၉၆၀ မှာ အမေရိကန် သမ္မတ ဖြစ်လာပါတယ်။

၂ဦးစလုံး ဟာ သောကြာနေ.မှာ လုပ်ကြံခံရပါတယ်။
၂ဦးစလုံး ဟာ ဦးခေါင်းကို သေနတ်ထိမှန်သေဆုံးခဲ.ပါတယ်။
၂ဦးစလုံး ဟာ ကျည်တထောင်.တည်းဖြင်. အသက်ပျောက်ခဲ.ရပါတယ်။

Lincoln က Ford Theater မှာ လုပ်ကြံခံခဲ.ရပါတယ်။
Kennedy က Ford Motor Company တွင်လုပ်ကြံခံခဲ.ရပါတယ်။

၂ဦးစလုံး ရဲ. လုပ်ကြံသူဟာ အမေရိကန်နိုင်ငံ တောင်ဘက်ခြမ်းက လူတွေဖြစ်ပါတယ်။
၂ဦးစလုံး ရဲ. သမ္မတ နေရာကို ဆက်ခံ သူတွေဟာ လဲ အမေရိကန်နိုင်ငံ တောင်ဘက်ခြမ်းက လူတွေဖြစ်ပါတယ်။
၂ဦးစလုံး ရဲ. သမ္မတ နေရာကို ဆက်ခံ သူတွေရဲ. နာမည် က လဲ ဆင်တူနေပါတယ်။

တယောက် Lincoln နေရာ ကို ဆက်ခံသူ Andrew Johnson ၁၈၀၈ ခုနှစ်ဖွားဖြစ်ပြီး။
နောက်တယောက်က Kennedy နေရာကို ဆက်ခံသူ Lyndon Johnson ၁၉၀၈ ခုနှစ်ဖွားဖြစ်ပါတယ်။
Last name ၂ ခုသာ တူနေရုံမကပဲ First name တွေက လဲ အက္ခရာ ၆ခြောက်လုံး ပဲ ပါတာ သွားတူနေပြန်ပါတယ်။

Lincoln ကိုလုပ်ကြံသူ John Wilkes Booth က ၁၈၃၉ ဖွားဖြစ်ပြီး။
Kennedy ကိုလုပ်ကြံသူ Lee Harvey Oswald က ၁၉၃၉ ဖွားဖြစ်ပါတယ်။

ကြည်.စမ်း လုပ်ကြံသူတွေ ရဲ. နာမည် က လဲ ၃လုံးစီပဲလေ။
အက္ခရာ တလုံးစီ ရေ တွက်လိုက်ရင် ၁၅ လုံး စီ ရှိကျပါတယ်။

Booth ဟာ Ford theater ကနေ ပြေးထွက် လာပြီး Warehouse မှာ အဖမ်းခံ ခဲ.ရပါတယ်။
Oswald ကတော. Warehouse ကနေ ထွက်ပြေးလာပြီး Theater တခုမှာ အဖမ်းခံခဲ.ရပါတယ်။

သမ္မတ ၂ ဦးစလုံး ဟာ တရားရုံး အသွား မှာ လုပ် ကြံခံခဲ.ပါတယ်။

Lincoln လုပ်ကြံ မခံ ရခင် တပတ် အလိုမှာ သူဟာ သူ၏ သူငယ်ချင်း Monroe Maryland နဲ. အတူ ရှိနေခဲ.ပါတယ်။
Kennedy လုပ်ကြံ မခံ ရခင် တပတ် အလိုမှာ သူဟာ သူ၏ သူငယ်ချင်း Marilyn Monroe နဲ. အတူ ရှိနေခဲ.ပါတယ်။

Lincoln ရဲ. သား Tad ရဲ. အာသုဘ အခမ်းအနား ကို July 16 1871 မှာ ကျင်းပခဲ.ပါတယ်။
Kennedy ရဲ.သား JEK Jr ကလဲ July 16 1999 မှာ လေယာဉ်ပျက်ကပြီး သေဆုံးခဲ.ပါတယ်။

ကဲ ဒီလောက် တိုက်ဆိုင်တာ မထူးဆန်းလွန်းဘူးလား။ 

royal myanmar.com ကပါ ....